သံတွဲ နှစ်ခြင်း အသင်းတော်၏ သမိုင်း အကျဉ်း...
Thandwe Baptist Church (1885-1985) |
သံတွဲ
နှစ်ခြင်း အသင်းတော် သမိုင်းဟု ဆိုရာဝယ် သံတွဲ နှစ်ခြင်း အသင်း တော်သည် ရခိုင်ပြည်၌
အတွင်း နှစ်ခြင် ခရစ်ယာန် သာသနာ့ မျိုးစေ့အား ကြဲဖြန့် ခဲ့သော (ABM) American
Baptist Mission မှ သာသနာပြု ဆရာ၊ ဆရာမကြီး တို့၏ Mission Station အဖြစ် အသုံးပြု ခဲ့သော
သာသနာ့ ဌါနေ ဖြစ်ခဲ့ခြင်း၊ သာသနာ ကျောင်းကို အခြေပြုကာ ပေါ်ပေါက် လာသည့် အသင်းတော် တစ်ပါး
ဖြစ်သောကြောင့် အသင်း တော်၏ သမိုင်း သည် သာသနာ ကျောင်းနှင့် ဆက်စပ် နှီးနွယ် နေသော သမိုင်း
ဖြစ်ပေသည်။ ၁၈၈၅ -ခုနှစ်တွင် ဆရာမကြီး B.C Thomas ၏
သားဖြစ်သူ W.F Thomas နှင့် ကရင် တိုင်းရင်းသား ဓမ္မအမှု တော်ဆောင် ဦးအောင်ပန်း မိသားစု
တို့သည် သံတွဲမြို့သို့ ပြောင်းရွေ့ လာကြကာ ရခိုင်ပြည်နယ် တစ်ခုလုံး အတွက် နှစ်ခြင်း
သာသနာပြု လုပ်ငန်း လုပ်ဆောင်ရန် မြေနေရာ သတ်မှတ် ခဲ့ကြသည်။ ထိုစဉ်က ရခိုင် ပြည်နယ်
အတွက် နှစ်ခြင်း ခရစ်ယာန် သာသနာ့ စခန်း (Station) တည်ရှိရာ နေရာမှာ အရှေ့ ဘက်တွင် သံတွဲ
ရုံးကြီးနှင့် ရဲဌာန၀င်း၊ အနောက် ဘက်တွင် မာဃလမ်း အလွန်၊ ဓမ္မရက္ခိတ ဘုန်းတော် ကြီးကျောင်း၊
မြောက် ဘက်တွင် ကင်းမော်လမ်း အထိ၊ တောင် ဘက်တွင် ရုပ်ရှင် ရုံလမ်း အထိ (၆)ဧကကျော် ရှိခဲ့
ပါသည်။ ထိုမြေ နေရာ များကို ၁၈၈၃-ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်၌ မြေဧက (၀.၄၃)အား ၂၅ိ/-ဖြင့်
ရိုးဆွန်းအာလီ ထံမှ Mr. Carry က ဆရာကြီး W.F Thomas အတွက် ကိုယ်စား ၀ယ်ယူ ခဲ့ပြီး၊
၁၈၈၅- ခုနှစ်၊ ဖေဖေါ် ၀ါရီလ (၁၆)ရက်တွင် ၀.၄၂ ဧကရှိ မြေကို ရိုးဆွန်း အာလီ ထံမှ ထပ်မံဝယ်
ယူခဲ့သည်။ ၁၈၈၆- ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ၀.၈၈ ဧကရှိ အိမ်နှင့် မြေကို (၁၀၀၀)
ကျပ်ဖြင့် John Patrich ထံမှ ၀ယ်ယူ ခဲ့ပြီး၊ ၁၈၉၁- ခုနှစ်၊ ဖေဖေါ် ၀ါရီလ (၁၉) ရက်တွင်
ဝ.၁၅ ဧက မြေကို (၁၄၀) ကျပ်ဖြင့် ရိုးဆွန်း အာလီထံမှ Melisa Aldrich က ၀ယ်ယူ ခဲ့သည်။
၁၈၆၉- ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်တွင် (၂၀) ကျပ်ဖြင့် တဆက် တည်း မြေကို မလှ ထံမှ လည်းကောင်း၊
ယင်းမြေနှင့် တဆက် တည်းရှိ အိမ်နှင့်မြေ တွဲလျှက် သားကို (၂၉၅) ကျပ်ဖြင့် ဆရာ
Dowexmpoot က ထပ်မံ ၀ယ်ယူ ခဲ့သည်။
ရခိုင်ပြည်နယ် နှစ်ခြင်း သာသနာ ကျယ်ပြန့်
ရေးအတွက် စာသင် ရန်နှင့် ကျမ်းစာ သင်ကြားရန်၊ ကျောင်းများ ဖွင့်လစ် နိုင်ရန် ဤသို့
မြေနေရာ များအား သာသနာပြု ဆရာကြီးများ တို့က ရည်မှန်းချက် ကြီးစွာ ဖြင့် ၀ယ်ယူ စုဆောင်း
ခဲ့ကြ ပါသည်။ ထိုစဉ် သံတွဲမြို့ပေါ်၌ ကရင် တိုင်းရင်းသား တပည့်တော် (၈)ဦး၊ အရှိုချင်း
တိုင်းရင်းသား တပည့်တော် (၂)ဦး၊ ဗမာ တိုင်းရင်းသား တပည့်တော် (၁)ဦး၊ ကုလား လူမျိုး
တပည့်တော် (၁)ဦး တို့သည် မိတ်သ ဟာယဖွဲ့ ၀တ်ပြု ကိုးကွယ် ခဲ့ကြသည်။ ထိုသို့ မိတ်သ ဟာယဖွဲ့
ဝတ်ပြု ကိုးကွယ်သည့် တပည့်တော် များကို အခြေခံကာ သံတွဲ နှစ်ခြင်း အသင်း တော်ကို ၁၈၈၅
- ခုနှစ်တွင် ဖွဲ့စည်း ခဲ့ကြ ပါသည်။
သံတွဲ အသင်းတော်၏ ကနဦး သင်းအုပ်မှာ ဆရာ
ဦးအောင်ပန်း ဖြစ်ပါသည်။ ၁၈၉၂ - ခုနှစ်၌ သံတွဲ အသင်း တော်တွင် ဧ၀ံဂေလိ ဆရာများ၊ ခရစ်ယာန်
စာသင်ကျောင်းမှ ဆရာ မိသားစု များဖြင့် တဖြေးဖြေး တိုးပွား လာခဲ့သည်။ သံတွဲ အသင်း တော်၏
သင်းအုပ် ဆရာကြီး ဦးအောင်ပန်း သည် ၁၉၀၇- ခုနှစ်တွင် ခေါ်တော် မူခြင်း ခံခဲ့ ရပါသည်။
ဆရာကြီးသည် ကရင် တိုင်းရင်းသား တစ်ဦး ဖြစ်သော်လည်း မိမိ ဇာတိ မြေကို စွန့်ခွာပြီး
ရခိုင် ပြည်နယ် သံတွဲမြို့၌ ဘုရား သခင်၏ အမှုတော်ကို ဆက်ကပ် လုပ်ဆောင် ခဲ့သူဖြစ် ပေသည်။
ဆရာကြီးအား အောက်မေ့ ရည်စူးလျှက် ယခင် ငပလီ ကမ်းခြေရှိ နှစ်ခြင်း အသင်းချုပ် ဧည့်ရိပ်သာ
ခြံဝင်း အတွင်းတွင် “ဦးအောင်ပန်း ဂေဟာ” အမည်ဖြင့် ဧည့်ဂေဟာ တစ်ဆောင် ဆောက်လုပ် ထားခဲ့
ကြသည်။ ဆရာကြီး ခေါ်တော် မူခြင်း မခံမီ သံတွဲ အသင်း တော်တွင် တပည့်တော် (၁၀၀) ကျော်
ရှိခဲ့သည် ဟုဆိုသည်။ ဆရာကြီး နောက်ပိုင်း ၁၉၀၈- ၁၉၁၄ ခုနှစ်အထိ ဆရာကြီး ဦးမောင် သည်
သံတွဲ အသင်း တော်၏ သင်းအုပ် ဆရာ အဖြစ် အမှုတော်ကို ဆက်လက် ထမ်းဆောင် ခဲ့ပြီး၊ ဆရာကြီး
ဦးမောင်မှာ အသင်း တော်၏ သင်းအုပ် ဆရာ တာဝန် အပြင် သာသနာပြု ဆရာများ နှင့်အတူ ဧ၀ံဂေလိ
တရား ကိုလည်း လှည့်လည် ဟောကြား ခဲ့သူ ဖြစ်သည်။ ထိုစဉ်က သင်းအုပ် ဆရာအား သာသနာပြု ဆရာကြီးများ
ကသာ ထောက်ပံ့ ပေးခဲ့ ရသည်။ သင်းအုပ် ဆရာ တစ်ပါးအား ထောက်ပံ့ငွေမှာ တစ်လလျှင် (၅)ကျပ်
ဖြစ်သည်။ ဆရာကြီး ဦးမောင်သည် ၁၉၁၄- ခုနှစ်တွင် ဂျိတ္တော ရွာသို့ ပြောင်းရွေ့ပြီး အမှုတော်ကို
ဆက်လက် ထမ်းဆောင် ခဲ့သည်။ ဆရာကြီး ဦးမောင် ပြီးနောက် ၁၉၁၄- ၁၉၃၀ ခုနှစ် အထိ ဆရာကြီး
ဦးကံပေါ်သည် သံတွဲ အသင်း တော်၏ သင်းအုပ် ဆရာ ဖြစ်လာကာ (၁၆)နှစ် တိုင်တိုင် သင်းအုပ်
တာဝန်ကို ထမ်းဆောင် ခဲ့ပါသည်။ ဆရာကြီး လက်ထက် မှစပြီး သာသပြု ဆရာများ ထံမှ ထောက်ပံ့
မှုကို မရရှိ တော့ချေ။ ထို့ကြောင့် သံတွဲ အသင်း တော်မှ ယုံကြည် သူများမှ တာဝန်ယူ ထောက်ပံ့
ခဲ့ကြသည်။
ယင်းကာ လတွင် သံတွဲ အသင်း တော် အနေဖြင့်
သာသနာ ကျောင်းမှ ကျောင်း ဆရာ/မ တို့အား အထူးပင် အားထား ခဲ့ ကြရသည်။ ၁၉၃၀- ခုနှစ်က သာသနာပြု
ဆရာကြီး Rev. Bruce သံတွဲသို့ ရောက် လာပြီး၊ သင်းအုပ်တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့ပါသည်။
ဆရာကြီး ဦးကံပေါ် နှုတ်ထွက် ပြီးနောက် ၁၉၃၀- ခုနှစ်တွင် ဆရာဦးရွှေတိုက် သည် သံတွဲ အသင်းတော်၏
သင်းအုပ် ဆရာ ဖြစ်လာသည်။ ဆရာကြီး မှာ ဗမာ တိုင်းရင်းသာ တစ်ဦး ဖြစ်ပြီး၊ သင်းအုပ် ဆရာ
အဖြစ် (၂)နှစ်တာ တာဝန် ယူခဲ့သည်။ ၁၉၃၃-၁၉၃၉ ခုနှစ် တွင် သံတွဲအသင်း တော်၏ သင်းအုပ်
ဆရာမှာ ဆရာဦးမှိုင်း ပင်ဖြစ်သည်။ ဆရာ ဦးမှိုင်းသည် သိက္ခာတော်ရ ဆရာ မဟုတ် သော်လည်း ၄င်းလက်ထက်တွင်
အသင်း တော်သည် ပိုမို တိုးတက် ခဲ့သည်ဟု ဆိုကြ ပါသည်။ သံတွဲ မြို့အနီးရှိ ရှင်အောင်ရွာ
တွင် ၁၉၃၃ -ခုနှစ် ၊ မေလ (၂၀)ရက်နေ့၌ အရှိုချင်း အမျိုးသား (၉)ဦးနှင့် အမျိုး သမီး
(၁၀)ဦးတို့ ပြောင်းလဲပြီး နှစ်ခြင်း မင်္ဂလာ ခံယူ ခဲ့ကြသည်။ ယင်းတပည့် တော်များအား စုစည်းကာ၊
ရှင်အောင်ရွာ ခရစ်ယာန် အသင်းစု ဟူ၍ ပေါ်ပေါက် လာကာ၊ လက်ရှိ အခြေ အနေတွင် အသင်းတော် တစ်ပါး
အဖြစ် ရပ်တည် နိုင်ရန် ကြိုးစား လုပ်ဆောင် လျှက်ရှိသည်။ ယင်းအ သင်းစုအား အခြေခံပြီး
ခရစ်ယာန် စာသင်ကျောင်း ဖွင့်လှစ် ခဲ့သေးသည့် မှတ်တမ်း များရှိ ခဲ့သည်။ ဆရာကြီး ဦးမှိုင်း
လက်ထက်၌ သံတွဲ အသင်းတော် အသင်းသူ အသင်းသား (၁၆၆)ဦး ရှိပြီး၊ ၁၉၃၉- ခုနှစ်တွင် ဆရာကြီး
ဦးမှိုင်းသည် ဆီးချို ရောဂါနှင့် ဘုန်းတော် ၀င်စား ခဲ့ရသည်။ ဆရာကြီး ပြီးနောက် ဆရာကြီး
ဦးခူသည် သံတွဲ အသင်းတော်၏ သင်းအုပ် ဆရာ ဖြစ်လာ ခဲ့သည်။ ဆရာကြီးသည် ကျမ်းစာ ကျောင်းတက်
ရောက်ခဲ့ဖူး သူမဟုတ်ပေ။ သာသနာ ကျောင်းမှ ကျောင်းဆရာ တစ်ဦး ဖြစ်လာသည်။ ဆရာကြီး ဦးခူသည်
သင်းအုပ် တာဝန် ထမ်းဆောင် ယင်း ကိုယ် တစ်ခြမ်းသေ ဝေဒနာ ခံစားခဲ့ သူတစ်ဦး ဖြစ်ပြီး၊
ဒုတိယ ကမ္ဘာစစ် ဂျပန်များ သံတွဲ မြို့သို့ ရောက်လာ ချိန် အထိ ဆက်ကပ် အစေခံခဲ့သူ တကါဒလည်း
ဖြစ်သည်။ ဦးရွှေထိုက်၊ ဦးမောင်၊ ဦးမှိုင်း၊ ဦးထွေးနှင့် ဦးခူ တို့မှာ ကျောင်း ဆရာများ
ဖြစ် ကြပြီး၊ လက်တင်ရ ဓမ္မအမှုတော် ဆောင် များမဟုတ် သော်လည်း၊ သင်းအုပ် တာဝန် အပြင်၊
ဧ၀ံဂေလိ လုပ်ငန်း ကိုလည်း လက်လှမ်း မီသရွေ့ အနီးရှိ ပတ်ဝန်း ကျင်ရွာ များ၌ သွားရောက်
လုပ်ဆောင် ခဲ့ကြသည်။ ရှင်အောင် ကျေးရွာ စိမ့်ချောင်း၊ ပြည့်ချောင်း၊ သဒေးချောင်း တို့တွင်
လုပ်ဆောင် ခဲ့ကြပြီး လစာမှာ တစ်လလျှင် (၅)ကျပ်မှ (၁၀)ကျပ် အထိ ဖြစ်သည်။ အသင်းတော် လုပ်ငန်းတွင်
တစ်ဖက် တစ်လမ်းမှ ပါဝင် ဆက်ကပ် ခဲ့ကြသော အမျိုးသား များမှာ ဦးအောင်၊ ဦးမိုး၊ ဦးမောင်ရှင်၊
ဦးရွှေတောင်၊ ဦးလန်း၊ ဦးမောင်ဖေနှင့် ဦးသာဗျော တို့ဖြစ် ကြသည်။ ဒေါ်မစိန်၊ ဒေါ်အိမ်၊
ဒေါ်ထိုက် ဒေါ်ချစ်တင်၊ ဒေါ်မကြီး၊ ဒေါ်ဟာမ၊ ဒေါ်ငြမ်းနှင့် ဒေါ်တောင် တို့မှာလည်း အသင်းတော်၏
မိန်းမ (အမျိုးသမီး) စည်းဝေးများတွင် ခေါင်းဆောင် မှုပေးပြီး၊ အားကြိုး မာန်တက် ပါဝင်
ဆောင်ရွက် ခဲ့ကြသည်။ သံတွဲ အသင်းတော်မှ လုပ်ဆောင် ခဲ့သော ဧ၀ံဂေလိ လုပ်ငန်း များမှာ၊-
စိမ့်ချောင်းတွင် ဆမိုဘလုံ၊ ပြည့် ချောင်းတွင် ဦးလှကျော်၊ ရှင်အောင်ရွာတွင် ဆရာမ ဒေါ်ချစ်ပုံ၊
ကိုအေးဖေ၊ မဝေါ တို့မှ လည်းကောင်း၊ တန်းလွဲတွင် ကျားကိုက်ရွာမှ ဒေါ်အေးစိန်မှ လည်းကောင်း
အသီးသီး လုပ်ဆောင် ခဲ့ကြသည်။ ယခုအခါတွင် သံတွဲမြို့၏ တောင်ဘက် သပြုချိုင် (မရိုးဘေး)
ဆိပ်ကမ်း သွားရာ လမ်းပေါ်ရှိ ဆင်ဒင် ကျေးရွာ တွင်လည်း ဧ၀ံဂေလိ လုပ်ငန်းကို ဆောင်ရွက်
လျက်ရှိ ပါသည်။ ဆရာကြီး ဦးခူ သင်းအုပ် အဖြစ် ဆောင်ရွက် ပြီးနောက် ဒုတိယ ကမ္ဘာစစ် အတွင်း
အသင်း တော်သည် အခက် အခဲ များနှင့် ရင်ဆိုင် ခဲ့ရသည်။ အသင်း သားများ သံတွဲမြို့မှ မတိမ်း ရှောင်မီ ဘုရား ရှစ်ခိုး ကျောင်းမှာ လည်း
ချိတ်ပိတ် ခံခဲ့ ရသည်။ သို့ရာတွင် ဆမိုကာမှ သက်ဆိုင်ရာ အာဏာ ပိုင်များထံ တင်ပြခဲ့ သဖြင့်
ပြန်လည် ဖွင့်လှစ် ခွင့်ရပြီး ၀တ်ပြု ကိုးကွယ် ခွင့်လည်း ရရှိ ခဲ့ပါသည်။ ဘုရား ရှစ်ခိုး
ကျောင်းနှင့် တွဲလျှက် ရှိသော စာသင် ကျောင်း ကြီးကို ၁၉၂၁- ခုနှစ်၊ ဆရာကြီး Spring
လက်ထက်တွင် သံတွဲမြို့ နှင့် တစ်မိုင် ခန့်ဝေးသော ဇီးကျွန်း ရပ်ကွက်မှ နန်းချောင်းချောင်း
ဖြတ်ကာ ယခု လက်ရှိ ဘုရင့်နောင် ရပ်ကွက်ရှိ သာသနာပိုင် မြေနေရာသို့ အဆောက် အဦး အနေ
အထား မပျက် (၂)နှစ်ကြာ ဆွဲယူ ပြောင်ရွေ့ ခဲ့ကြသည်။
Thandwe Baptist Church (1985-2016) |
Thandwe Baptist Church (2017-Present) |
No comments: